မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ကမ်းနားလမ်း အမှတ် (၄) ဆိပ်ခံဘောတံတားအနီး ရေနစ်ပျောက်ဆုံးခဲ့သည့် အသက် (၁၃) နှစ်အရွယ် ကလေး၏ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီလ (၁၇) ရက်၊ မဟာသင်္ကြန်နှစ်ဆန်း (၁) ရက် မွန်းလွဲ (၂) နာရီဝန်းကျင်ခန့်က အဆိုပါ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် (၄) ဆိပ်ခံဘောတံတားအနီးတွင် အသက် (၁၃) နှစ်ဝန်းကျင် ကလေး (၄) ဦးမှာ ဘောလုံးကန်နေကြစဉ် ဘောလုံးမှာ သံလွင်မြစ်ထဲသို့ ကျသွားသည့်အတွက်ကြောင့် ကလေး (၄) ဦးမှာ ဘောလုံးလိုက်ဆယ်စဉ် (၃) ဦးမှ ပြန်တက်လာနိုင်ခဲ့သော်လည်း အသက် (၁၃) နှစ်အရွယ် မောင်သူခန့် မှာ ပျောက်ဆုံးသွားသည့်အတွက်ကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းရှာဖွေခဲ့ကြသည်။



