ကရင်ပြည်နယ်မြဝတီမြို့ ကျောက်ခတ် နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၀၀ ကျော် ကို ဧပြီ ၁၈ ရက်တွင် စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ရက်မှ ဧပြီ ၁၈ ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သား စုစုပေါင်း ၉၀၀၀ ကျော်ကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင် ခဲ့ကာ ၇၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ပြည်ပ နိုင်ငံသား ၁၇၂၉ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။



