back

အင်းလေးဒေသ၌ငလျင်ဒဏ်ကြောင့်တိမ်းစောင်းသွားသည့်အိမ်များ ပြန်တည့်မတ်ရာ ဒေသခံပူးပေါင်းမှုနှင့် လူအင်းအားလိုအပ်နေ ဟုဆို

Apr 18 • 8:28 AM

breaking-news

မြန်မာ

ရှမ်း

cover

အင်းလေးဒေသ၌ငလျင်ဒဏ်ကြောင့်တိမ်းစောင်းသွားသည့်အိမ်များ ပြန်တည့်မတ်ရာ ဒေသခံပူးပေါင်းမှုနှင့် လူအင်းအားလိုအပ်နေ ဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ၌ ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ဒေသခံများ၏ နေအိမ်များ ပြိုလဲပျက်စီးခြင်းနှင့်တိမ်း စောင်းခြင်း အတွက် ပြန်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသ၌ ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ဒေသခံများ၏ နေအိမ်များ ပြိုလဲပျက်စီးခြင်းနှင့်တိမ်း စောင်းခြင်း အတွက် ပြန်လည်ထူထောင်ချိန် လူအင်းအားနှင့် နည်းပညာ ကျွမ်းကျင်သူများလည်း လိုအပ် ကြောင်းသိရသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့အထိ စောင်းလဲသွားသည့် အိမ်ခြေ ၆၀ ကျော် ကိုပြန်တည့်မတ် ပေးခဲ့ကာ သုံးပုံ တစ်ပုံသည် ဟဲယာရွာဖြစ်ပြီး ကေလာရွာနှင့် အင်းပေါခုံတို့၌လည်း ပြုလုပ်ပေးခဲ့ကြောင်းဆို သည်။ ဘုန်းကြီးကျောင်းများ လုပ်ဆောင်ပေးရန်အတွက် လူရာနှင့် ချီလိုအပ်ပါသဖြင့် စက်ကိုင်သမားများ၊ နည်းပညာသမားများ၊ အင်ဂျင်နီယာသမားများ ဝိုင်းဝန်းကူညီပေးမည့် လူအင်းအားလိုအပ်နေကြောင်းသိရသည်။



news-view-count-icon

27