back

မြန်မာနိုင်ငံတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းနီးပါး တင်ပို့နိုင်ခဲ့

Apr 17 • 6:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းနီးပါး တင်ပို့နိုင်ခဲ့

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေနှင့် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်အထိ ဝင်ငွေရရှိခဲ့ကြောင်း...

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေနှင့် ဆန်တန်ချိန် ၂ ဒသမ ၅ သန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်အထိ ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအနေအထားအရ ပို့ကုန်ဝင်ငွေအနေဖြင့်လည်း သန်း ၂၈ဝ ကျော် ပိုမိုရှိခဲ့ခြင်းကြောင့် ဝင်ငွေအနေဖြင့် ၃၃ ရာခိုင်နှုန်းကျော် တိုးလာကြောင်း သိရသည် ။နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားကျဆင်းလာပြီး ပြည်တွင်းစျေးကွက်ကိုပါ သက်ရောက်မှုရှိလာခြင်းဖြစ်ပြီး မြန်မာ့ဆန်တင်ပို့မှုမှာလည်း အောက်တိုဘာတွင် ပဏမအများဆုံးဖြစ်ခဲ့သော်လည်း နိုဝင်ဘာလမှစပြီး ဆက်တိုက် ပြန်ကျဆင်းနေကြောင်း သိရသည်။

news-view-count-icon

28