မြန်မာတို့၏ နှစ်ဆန်းတစ်ရက် ဖြစ်သည့်အတွက် ဈေးကွက်အတွင်း၌ သစ်သီးဝလံနှင့် ဘုရားပန်းများ ဈေးမြင့်တက်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ရှောက်ချိုသီးတစ်လုံး ၁၅၀၀ ကျပ်၊ လိမ္မော်သီးတစ်လုံး ၁၅၀၀ ကျပ်၊ ပျားလိမ္မော်တစ်ဆယ်သား ၂၅၀၀ ကျပ်၊ စပျစ်သီးတစ်ဆယ်သား ၃၀၀၀ ကျပ်၊ ပန်းသီးတစ်လုံး ၂၈၀၀- ၃၂၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဖရဲသီးနှင့်သခွားမွှေးသီးများကတော့ တစ်လုံး ၈၀၀၀ ကျပ်မှ တစ်လုံး ၁၀၀၀၀ ကျပ်နှင့်အထက် ဈေးများဖြင့် ပုံမှန်အတိုင်းရှိသည်။ ဘုရားပန်းဈေးကွက်တွင် နှင်းဆီပန်းများက တစ်စည်း ၆၀၀၀ ကျပ်နှင့်အထက် ဈေးနှုန်းများဖြင့် ဈေးမြင့် တက်ပြီး အရောင်းအဝယ်ကောင်းကြောင်း သိရသည်။ ဂန္ဓာမာပန်းဈေးကွက်က တစ်စည်း ၃၀၀၀ ကျပ်မှ တစ်စည်း ၅၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေသည်။
Apr 17 • 6:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


