back

၇၅ ရက်ကြာ ကျင်းပခဲ့သည့် မကွေးတိုင်း၊ မင်းဘူး၊ စကုမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲ ကျင်းပ

Apr 17 • 3:28 AM

breaking-news

မြန်မာ

မကွေး

cover

၇၅ ရက်ကြာ ကျင်းပခဲ့သည့် မကွေးတိုင်း၊ မင်းဘူး၊ စကုမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲ ကျင်းပ

၇၅ ရက်ကြာ ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက် ယနေ့ ( ဧပြီ ၁၇ ရက် ) နံနက်ပိုင်း...

၇၅ ရက်ကြာ ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက် ယနေ့ ( ဧပြီ ၁၇ ရက် ) နံနက်ပိုင်းက ပိတ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ် ရက်နေ့ အထိ ကျင်းပလေ့ရှိကြောင်း ယခုနှစ်တွင် ပွဲတော်ရက် ၇၅ ရက် ပါဝင်ခဲ့ကြောင်း ပွဲတော်ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို ဖွင့်လှစ်အပူဇော်ခံလေ့ရှိပြီး ပွဲတော် ပိတ်ပွဲနေ့တွင် အဆိုပါ စက်တော်ရာ နှစ်ဆူတို့ကို ပြန်လည် ပိတ်လေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

30