back

တရုတ်နိုင်ငံမှငလျင်ဘေး အန္တရာယ်အကဲဖြတ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

Apr 17 • 3:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တရုတ်နိုင်ငံမှငလျင်ဘေး အန္တရာယ်အကဲဖြတ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ပထမဆုံးစေလွှတ်သည့် ကျွမ်းကျင်သူပညာရှင်များဖြင့်ဖွဲ့စည်းထားသော ငလျင်ဘေး အန္တရာယ်အကဲဖြတ်ရေးအဖွဲ့သည် ယမန်နေ့ ဧပြီ ၁၆ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလ...

တရုတ်နိုင်ငံမှ ပထမဆုံးစေလွှတ်သည့် ကျွမ်းကျင်သူပညာရှင်များဖြင့်ဖွဲ့စည်းထားသော ငလျင်ဘေး အန္တရာယ်အကဲဖြတ်ရေးအဖွဲ့သည် ယမန်နေ့ ဧပြီ ၁၆ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ကြာင်း သိရသည်။ အဆိုပါ အဖွဲ့တွင် တရုတ်ငလျင်ရေးရာဌာန၊ တရုတ်ငလျင်အရေးပေါ် ရှာဖွေကယ်ဆယ်ရေးစင်တာ၊ Tongji တက္ကသိုလ်၊ Harbin စက်မှုတက္ကသိုလ်၊ တရုတ်ဗိသုကာ သိပ္ပံပညာသုတေသနဌာနတို့မှ ဝန်ထမ်း (၃၀)ဦးတို့ပါဝင်ပြီး မြန်မာနိုင်ငံ၌ ငလျင်ဘေး အန္တရာယ်အကဲဖြတ်ခြင်း၊ ငလျင်ဘေးကာလပြီးနောက် ပြန်လည်တည်ဆောက်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေးလုပ်ငန်းများဆောင်ရွက်ရန် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

34