သရုပ်ဆောင် မြင့်မြတ်တို့ဇနီးမောင်နှံဟာ သင်္ကြန်အကြတ်နေ့(ဧပြီလ၁၅ရက်နေ့)မှာငလျင်ဘေးဒဏ်သင့်ခဲ့ရတဲ့ ကျောက်ဆည်မြို့သို့ လူကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ပျက်စီးမှုတွေကြုံခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြောင့် အနုပညာရှင်တွေနဲ့ ပြည်သူတွေအများစုက ဝိုင်းဝန်းကာစုပေါင်းလှူဒါန်းခဲ့ကြပါတယ်။ အဆိုပါအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မြင့်မြတ်တို့ဇနီးမောင်နှံကလည်း ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ကျောက်ဆည်က ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။



