back

မြန်မာနိုင်ငံအတွင်း၌ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

Apr 16 • 2:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအတွင်း၌ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၁၅ ရက်က မိုးကြိုကာ...

မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၁၅ ရက်က မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(ဝ၄/၂ဝ၂၅)အဖြစ် သတိပေးခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း လေထုမငြိမ်မသက်မှုများ၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ လေ ပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုး သီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းဖြစ်စဉ်များဖြစ်ပေါ် နိုင်သည်ဟု အသိပေးခဲ့သည်။

news-view-count-icon

35