back

ဖိလစ်ပိုင်က ကန်လောင် မီးတောင် လေထဲကို ပြာမှုန့်များမှုတ်ထုတ်ပြီး ငလျင်အကြိမ်ရေ ၃၀ ကျော် လှုပ်ခတ်

Apr 15 • 9:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်က ကန်လောင် မီးတောင် လေထဲကို ပြာမှုန့်များမှုတ်ထုတ်ပြီး ငလျင်အကြိမ်ရေ ၃၀ ကျော် လှုပ်ခတ်

ဧပြီ ၁၅ ရက်နေ့ သတင်းအရ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လှုပ်ရှားနေသော မီးတောင်ဖြစ်သည့် ကန်လောင်(Kanlaon) မီးတောင်မှ တနင်္လာနေ့ (ဧပြီ ၁၄ ရက်) မွန်းတည့်မတိုင်မီ င...

ဧပြီ ၁၅ ရက်နေ့ သတင်းအရ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လှုပ်ရှားနေသော မီးတောင်ဖြစ်သည့် ကန်လောင်(Kanlaon) မီးတောင်မှ တနင်္လာနေ့ (ဧပြီ ၁၄ ရက်) မွန်းတည့်မတိုင်မီ ငလျင်ဒါဇင်ပေါင်းများစွာ လှုပ်ခတ်သွားပြီးနောက် မီးတောင်မှ ထူ ထပ် သော မီးခိုးများ ထွက်လာသည်ကို မီးတောင် ပညာရှင်များက သတင်းပို့ခဲ့ကြောင်း Gulfnews သတင်းက ဖော်ပြခဲ့သည်။ “ ၂၀၂၅ ဧပြီ ၁၄ ရက် ဒီနေ့ မနက် ၁၁ နာရီ ၅၂ မိနစ်ကစပြီး ကန်လောင်မီးတောင်မှာ ပြာတွေ ထွက်လာ တယ်၊တောင်ထိပ်ကနေ မီတာ ၈၀၀ အမြင့်အထိ ပြာမှုန်တွေကို တောက်လျှောက်မှုတ် ထုတ်ပေးနေတယ်” ဟု အရေးပေါ်လုပ်သားများက လူမှုကွန်ရက် X တွင် တင်ခဲ့သည်။"လောလောဆယ်မှာ ပြာတွေဟာ မီးတောင်ရဲ့ အနောက်-အနောက်မြောက်ဘက် လွင့်ပြန့်နေပါတယ်။ လာကာလိုတာမြို့၊ ဘာဂိုမြို့နှင့် အခြားအနီးနားမြို့များမှ နေထိုင်သူများအနေဖြင့် ပြာများကျလာနိုင်ပါတယ်။ ကန် လောင် မီးတောင်ဟာ သတိပေးချက် အဆင့် ၃ ကိုကျော်သွားပါပြီ” ဟုဆိုသည်။

news-view-count-icon

31