ငလျင်တစ်ခု လှုပ်ခတ်ချိန် အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ ဆင်တွေရဲ့ စနစ်တကျ အကာအကွယ်ယူ တုံ့ပြန် လှုပ်ရှားမှု တစ်ခုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ဧပြီ ၁၄ ရက် မနက်ပိုင်းတုန်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ မဂ္ဂနီကျု ၅.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားလို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ ဆန်ဒီယေဂို တိရစ္ဆာန်ရုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကတော့ ငလျင်လှုပ်တဲ့အချိန် တိရစ္ဆာန်ရုံထဲမှာ မွေးမြူထားတဲ့ အာဖရိက ဆင်အုပ်က ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ဘယ်လို သဘာဝအလျောက် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။



