ဧပြီလ ၁၅ရက်နေ့ သတင်းအရ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် PENANE INVITATIONAL JICA JUDO CHAM-PIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ်ဆု ၅ ခု ငွေတံဆိပ်ဆု ၄ ခုနှင့် ကြေးတံဆိပ်ဆု ၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။



