ဧပြီ ၁၅ ရက်နေ့ သတင်း အရ နေပြည်တော်ရှိ မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)တွင်ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အအုံများစစ်ဆေးရေးကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် ယာယီရုံးများ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Apr 15 • 8:10 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 18 | 0 | 0 | 0 |


