back

မဟာသင်္ကြန်အကြတ်နေ့တွင် မုဒုံမြို့ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုသူများ စည်ကား

Apr 15 • 8:09 AM

breaking-news

မြန်မာ

မွန်

cover

မဟာသင်္ကြန်အကြတ်နေ့တွင် မုဒုံမြို့ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုသူများ စည်ကား

ဧပြီ ၁၅ ရက်နေ့ သတင်းအရ မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြတ်နေ့)၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့်...

ဧပြီ ၁၅ ရက်နေ့ သတင်းအရ မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြတ်နေ့)၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။မဟာသင်္ကြန်(အကြတ်နေ့) နံနက်ပိုင်းမှစတင်၍ မုဒုံမြို့ရှိ အထင်ကရတန်ခိုးကြီးဘုရားဖြစ်သည့် အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး စသည့်စေတီပုထိုးများတွင် ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်း၊အမွှေးနံ့သာများနှင့် ရွှေကြာသင်္ကန်းတို့ကို ကပ်လှူပူဇော်ကြပြီး တရားစခန်းများတွင်လည်း ဥပုသ်သီလဆောက်တည်ကြသည့်အပြင် တရားဘာဝနာပွားများ ကြသည်။

news-view-count-icon

20