ဧပြီလ ၁၅ ရက် သတင်းအရ မြစ်သားတွင်လည်း လက်ပံဆိပ်ရွာအုပ်ချုပ်ရေးမှူးက ငလျင်ဘေးကူညီရေးပစ္စည်းများကို သိမ်းဆည်း ပြန်ရောင်းနေပါတယ်။စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်၌ ငလျင်ဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ထုတ်ပေးထားသည့် ဆန်အိတ်များကို အကြမ်းဖက်စစ်တပ်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆန်အိတ် တစ်အိတ်လျှင် ငွေကျပ် ၇ သောင်းဖြင့် ကိုယ်ကျိုးရှာ ပြန်လည်ရောင်းချနေကြောင်း ငလျင်ဘေးသင့်ပြည်သူများက သတင်းဌာနများသို့ ပြောကြားသည်။
စစ်ကိုင်းမြို့တွင် ငလျင်ဘေးကူညီရေး ရိက္ခာဆန်အိတ်များကို ပြည်သူများထံသို့ မပေးဘဲ ရွှေမင်းဝံ ရပ်ကွက်အုပ် ချုပ်ရေးမှူးက ပြန်လည်ရောင်းချ
Apr 15 • 2:34 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


