ဧပြီ ၁၄ ရက် သတင်းအရသင်္ကြန်တွင်း အရက်ဘီယာဈေးကွက်တွင် ဘီယာဘူးစျေးများ မြင့်တက်နေပြီး ပစ္စည်းအချို့ ပြတ်လပ် မှုများရှိနေကြောင်း ယမကာမျိုးစုံ ရောင်းချနေသည့် အရောင်းဆိုင်များထံမှ သိရသည်။
နှစ်စဉ်သင်္ကြန်ကာလနီးလျှင် အခြေခံစားသောက်ကုန်မှစ၍ အရက်ဘီယာအပါအဝင် ကုန်ပစ္စည်းစျေး နှုန်း များမှာ မြင့်တက်လေ့ရှိသလို ပစ္စည်းပြတ်လပ်မှုတွေလည်း ကြုံရလေ့ရှိကြောင်း သိရသည်။


