back

ထိုင်းနိုင်ငံဘန်ကောက်ရှိ စာရင်းစစ်ရုံးပြိုကျရာနေရာမှာ အလောင်း ၄ လောင်းထပ်တွေ့ပြီး သေဆုံးသူ၄၁ ဦးထိရှိလာခဲ့

Apr 14 • 8:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ထိုင်းနိုင်ငံဘန်ကောက်ရှိ စာရင်းစစ်ရုံးပြိုကျရာနေရာမှာ အလောင်း ၄ လောင်းထပ်တွေ့ပြီး သေဆုံးသူ၄၁ ဦးထိရှိလာခဲ့

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ဆုန်ကရန်သင်္ကြန်ပွဲတော်ကျင်းပနေပြီဖြစ်သော်လည်း မတ် ၂၈ ရက် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် ဘန်ကောက် ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးတွင်...

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် ဆုန်ကရန်သင်္ကြန်ပွဲတော်ကျင်းပနေပြီဖြစ်သော်လည်း မတ် ၂၈ ရက် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသည့် ဘန်ကောက် ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးတွင် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်နေရာ ဧပြီ ၁၄ ရက်ယ‌ေန့၌ အ‌လောင်း ၄ လောင်း ထပ်မံရရှိပြီး စုစုပေါင်းသေဆုံးစာရင်း လူ၄၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။အဆောက်အအုံပျက်ထဲတွင် ပျောက်ဆုံးနေသေးသူဦးရေမှာ ၅၃ ယောက်ကျန်ရှိနေသေးကာ ယင်းအဆောက်အအုံသည် ထိုင်းနှင့်တရုတ်တို့ ဖက်စပ်တည်ဆောက်နေသော အဆောက်အအုံဖြစ်ကာ အသုံးပြုသည့် သံချောင်းများမှာ သတ်မှတ်အဆင့်အတန်းမမီဘဲ အမျိုးအစား များစွာကွဲပြားနေခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ယင်းဆိုက်ဒ်တွင် ကြီးကြပ်အင်ဂျင်နီယာအဖြစ် လက်မှတ်အတုများအသုံး ပြုပြီး အသုံးချနေခြင်းကို ၅ နှစ်တိုင် ကိုယ်တိုင် မသိရဘဲ ယခုမှ သိရှိရသည်ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးက ထုတ်ဖော်ပြောဆိုလာပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနသို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း လည်း သိရှိရပါတယ်။


news-view-count-icon

29