back

မကွေးမြို့တွင် သင်္ကြန်ပွဲတော်ကို အဆိုအကမပါဘဲ ကျင်းပနေ

Apr 14 • 8:54 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးမြို့တွင် သင်္ကြန်ပွဲတော်ကို အဆိုအကမပါဘဲ ကျင်းပနေ

မကွေးမြို့မှာ ဧပြီလ (၁၄) ရက် သင်္ကြန်အကျနေ့ကို အဆို အကတွေမပါဘဲ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ရေကစားခဲ့ကြသလို လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ကျင်းပခဲ့ပါတယ်။ မကွေး...

မကွေးမြို့မှာ ဧပြီလ (၁၄) ရက် သင်္ကြန်

အကျနေ့ကို အဆို အကတွေမပါဘဲ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ရေကစားခဲ့ကြသလို လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ကျင်းပခဲ့ပါတယ်။ မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက်မှာ လမ်းလျှောက် သင်္ကြန်ပွဲတော်ကို ပြုလုပ်ထားပြီး အများပြည်သူတွေ လာရောက်ကာ ရေကစားခဲ့ကြပါတယ်။ မကွေးမြို့ လမ်းမကြီးတွေ လမ်းသွယ်တွေမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ရေဖလားတွေ နဲ့ ရေဆော့ ကစားသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံး ကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို တီးမှုတ် ကခုန်မှုတွေ မပါဘဲ အေးချမ်းစွာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ စီစဉ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



news-view-count-icon

28