ယူ-၁၇ အာရှဖလားပြိုင်ပွဲဝင် အင်ဒိုနီးရှားယူ-၁၇အသင်းဟာ အုပ်စုအဆင့်ကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့အတွက် ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ကို အသင်းအရေအတွက် ၄၈သင်းအထိ တိုးမြှင့်ထားပြီး အာရှဇုန်က အိမ်ရှင် ကာတာအသင်းအပါအဝင် ယူ-၁၇အာရှဖလား ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ အသင်း ၈သင်း၊ စုစုပေါင်း ၉သင်း ဝင်ပြိုင်ခွင့်ရခဲ့ပြီးယူ-၁၇ အာရှဖလားပြိုင်ပွဲကို အာဆီယံဒေသတွင်းက ထိုင်း၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ ဝင်ပြိုင်ခဲ့ကြပြီး ထိုင်းနဲ့ ဗီယက်နမ်က အုပ်စုအဆင့်ကနေ ထွက်ခဲ့ရကာ အင်ဒိုနီးရှားတစ်သင်းတည်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားယူ-၁၇အသင်းဟာ အာရှဖလားကွာတားဖိုင်နယ်အဖြစ် ဧပြီလ ၁၄ရက်နေ့ ည ၈နာရီခွဲမှာ မြောက်ကိုရီးယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ 
Apr 14 • 6:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 40 | 0 | 0 | 0 |


