ပြင်းထန်ငလျင်ကဲ့သို့သော ဆိုးရွားသောအဖြစ်အပျက်များ ကြုံတွေ့ပြီးနောက်တွင် ကိုယ်ခန္ဓာ တဆတ်ဆတ်တုန်ခြင်း၊ အသက်ရှူရခက်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ခြင်းကဲ့သို့သော ပြင်းထန်သောစိတ်ဖိစီးမှုတုံ့ပြန်ခြင်းများကို ဖြစ်စေကာ သင်သည် ပြင်းထန်တဲ့စိတ်ဖိစီးမှုခံစားနေရသော လူတစ်ဦးကိုတွေ့ရပါက၊ တစ်စုံတစ်ဦးကို အကူအညီတောင်းနိုင်သည်အထိ သူတို့နှင့်အတူရှိနေပေးပါ။ပြင်းထန်သောစိတ်ဖိစီးမှု တုံ့ပြန်မှုများ ခံစားနေရသောသူများကို ကူညီမှုမေးရာတွင် သင့်အသံကို တည်ငြိမ်ပြီး နူးညံ့ပျော့ပျောင်းစေရန် သတိပြုပါ။သင်သည် သူတို့ကို ကူညီရန် ရှိနေကြောင်းပြောပြပါ။အသက်ကို အာရုံစိုက်ပြီး ဖြည်းဖြည်းချင်း အသက်ရှူရန်ပြောပါဟု WHO Myanmar မှဖော်ပြထားပါတယ်။






