မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေမှ ပြိုကျပျက်စီးခဲ့သော ဘုရား၊စေတီ၊ပုထိုးများကို စစ်ဆေးခဲ့ရာ မူလစေတီကို ငုံ၍ တည်ခဲ့သော နှစ်ထပ်စေတီများ တွေ့ရှိခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရပါတယ်။ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကောက်ယူပြုစုရာမှ ယခုကဲ့သို့ ရှေးဟောင်းစေတီအချို့သည် နှစ်ထပ်စေတီဖြစ်နေကြောင်းတွေ့ရှိသည်ဟု ယင်းဌာနတာဝန်ရှိသူကပြောပါတယ်။တွေ့ရှိရသည့် နှစ်ထပ်စေတီများမှာ သောတာပန်ဘုရားအနီးမှ အမှတ် ၉၃ စေတီတစ်ဆူ၊ ဒေါ်ဂျမ်းဘုရားအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ စေတီ၊ အမှတ် ၂၁ ကြေးနီမုဌောစေတီ၊ မြသိန်းတန်ဘုရားအနီးမှ ကိုစံငွေယာခင်းအနီး ၁ ဆူ၊ မင်္ဂလာရပ်မှ ဦးထွန်းနိုင်ယာခင်းအနီး ၂ ဆူ၊ ရှင်ပင်ခရေသီးစေတီ၊ ပုလိပ်ဘုရားစု၊ အင်ရောင်ဘုရားစုစသည်တို့ ဖြစ်ကာ၂၀၂၅ ခုနှစ်၊မတ် ၂၈ ရက်က အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ဖြင့် လှုပ်ရှားခဲ့သော မန္တလေး ငလျင်ကြီးကြောင့် မန္တလေး၊ အင်းဝ၊ အမရပူရ စသည်တို့တွင် လူနေအ်ိမ်များ ပျက်စီးမှုနှင့် ရှေးဟောင်းအဆောက်အအုံများပျက်စီးမှုများ ရှိခဲ့ပြီး အင်းဝ-ပင်းယရှေးဟောင်းဇုန်တွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းအဆာက်အအုံ ၉၆၀ ရှိရာ ၇၀ ရာနှုန်း ခန့်ပျက်စီးခဲ့ရပါတယ်။
Apr 14 • 5:08 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 42 | 0 | 0 | 0 |


