ငလျင်လှုပ်ခတ်မှုကို ကိုယ်တိုင်ကြုံခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း ယခုအချိန်အထိ စိတ်ပုံမှန်ပြန်မဖြစ်သေးကြောင်း သရုပ်ဆောင် မေကဗျာက မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။မန္တလေးမြို့တွင်ဖွင့်ထားသော သူမ၏ဆိုင်လည်း ပြိုတဲ့အထဲပါသွားပြီး ဆိုင်နှင့်ပတ်သက်သော မိသား စုဝင်များ၏ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်ပင် စိတ်ထိခိုက်မှုဖြစ်ကာ အိမ်ယာထဲလဲ သည်အထိဖြစ်ခဲ့ကြောင်း သိရပါတယ်။မန္တလေးမြို့တွင်ဖွင့်ထားသည့်အိမ်မှာ တခြမ်းပြိုကာ လူနေ၍မရသည့်အခြေအနေမျိုးဖြစ်နေပြီး ငလျင် လှုပ်သည့်အချိန်တွင် လူများရောကားများပါ ယင်းနေအိမ်အတွင်းမရှိကြသည့်အတွက် ပစ္စည်းဆုံးရှုံးခဲ့သော်လည်း ဘေးကင်းခြင်းကြောင့် ကံကောင်းခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ လတ်တလောတွင် သင်္ကြန်ပွဲတော်အတွက် စျေး ရောင်းပွဲတော်နှစ်ခုစာစီစဉ်ထားသော်လည်း အခက်အခဲကြုံရပြီး ဆိုင်ခွဲဖွင့်ရန်စာချုပ်ချုပ်ထားရခြင်း၊ ကုန်ပစ္စည်း များအတွင်း ငွေများကျွံနေခြင်း စသည့် အခြေအနေများလည်းကြုံရကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ အရမ်း ကျပ်တည်းသည့်အခြေအနေမျိုးကြုံနေရပြီး စိတ်သွားတိုင်းကိုယ်မပါသော အဖြစ်မျိုးကြုံရသော်လည်း ကုသိုလ် ကောင်းမှုပြုပေးကာ တစ်နိုင်တစ်ပိုင် စတုဒီသာကျွေးခြင်းများဖြင့်လည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။



