အင်းလေးဒေသ ငလျင်ဒဏ်သင့်ပြည်သူများ နေအိမ်ဆော က်လုပ်လှူဒါန်းရန်အတွက် မိမိကိုယ်ကို လေလံတင်ထားသည့် သရုပ်ဆောင် ကျော်ကျော်ဗိုလ်အား လီဗားပူးအသင်းဖန်တစ်ဦးက ကျပ်(၉၂)သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ယနေ့ဧပြီ၁၄ရက်တွင် အသိပေးထားပါတယ်။အဆိုပါ လေလံအောင်သော ငွေကျပ် (၉၂)သိန်းနှင့် အတူ ၎င်းမှ ငွေကျပ် (၈)သိန်း ထည့်ဝင်၍ အင်းလေးဒေသ အိမ် ထောင်စု (၂) စုအတွက် နေအိမ် (၂)လုံးအား လေလံအောင်မြင်သူ လီဗာပူးပရိတ်သတ်၏ အမည်ဖြင့် ဆောက်လုပ်လှူ ဒါန်းမှာဖြစ်ပါတယ်။သရုပ်ဆောင်ကျော်ကျော်ဗိုလ်သည် လီဗားပူးအသင်း၏ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး လေလံတင်မှုအား ဧပြီ(၁၀) ရက် စတင်ခဲ့ခြင်း ဖြစ်ပါတယ်။



