back

ပြည်ထောင်စုဝန်ကြီးမှ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ချိုင်းထောက်များ၊ လေးချောင်းထောက်များနှင့် ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်ခဲ့

Apr 14 • 4:42 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

ပြည်ထောင်စုဝန်ကြီးမှ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ချိုင်းထောက်များ၊ လေးချောင်းထောက်များနှင့် ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်ခဲ့

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဧပြီလ၁၃ရက်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသ...

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဧပြီလ၁၃ရက်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ အရိုး ကုသဆောင်(၂)သို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများနှင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်းထောက်များ ထောက်ပံ့ ပေးအပ်ပြီးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေစေရန် လိုအပ်သည်များပံ့ပိုးစီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ရွှေကြာပင်ယာယီ ဆေးရုံသို့သွားရောက်၍ လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကာ ခြေ၊ လက်၊ ကျောရိုး ထိခိုက်သူများအား လိုအပ်သော ချိုင်းထောက်များ၊ လေးချောင်း ထောက်များနှင့် ငလျင်ဒဏ်ကြောင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားသည့်လူနာအား ဘီးတပ်ကုလားထိုင် ထောက်ပံ့ပေးအပ်သလို အဆိုပါဆေးရုံတွင် နေပြည်တော် အရိုး အထူးကုဆေးရုံကြီး၊ နေပြည်တော် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။




news-view-count-icon

26