အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ နည်းပညာဖွံ့ဖြိုးရေးကော်မတီကြီးမှူး၍ ပန်းရံသင်တန်းကို ၂၀၂၅ မေ ၅ ရက်မှစတင်၍ ရန်ကုန်မြို့၌ အခမဲ့ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။ အသက် ၁၈ မှ ၃၅ အတွင်း၊ မူလတန်းအောင်မြင်ပြီးသော အမျိုးသမီးများအတွက်ဖြစ်ပြီး၊ သင်တန်းကာလမှာ ၂ ပတ်ကြာမြင့်မည်။ ဝတ်စုံ၊ နေရေး၊ စားရေးအပါအဝင် လိုအပ်ချက်များကို အသင်းချုပ်မှ စီစဉ်ပေးမည်ဖြစ်ပြီး၊ သင်တန်းသားဦးရေ ၅၀ ကျသင့်သော်လည်း စာရင်းပေးသွင်းမှုကို ဧပြီ ၃၀ ရက်နေ့နောက်ဆုံးထားအဖြစ် သုဝဏ္ဏလမ်းဆုံရှိ အသင်းချုပ်ရုံးချုပ်၌ လက်ခံမည်ဖြစ်သည်။



