ဧပြီ ၁၃ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြရွှေဝါ(၁)လမ်း၊ ဘူးကွဲတိုက်အမှတ်(၃၂၀၅)၊ အခန်း(၁)၌ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီး၊ ထိုစာရွက်စာတမ်းများအား တရားဝင်ပိုင်ရှင်ထံသို့ တာဝန်ရှိစွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။



