ဆော်ဒီအာရေဗျနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများကြုံတွေ့ခဲ့သည့် မြန်မာအမျိုးသမီးများ မယုဇနလှိုင်နှင့် မစိုးမိုးသူတို့အား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဆော်ဒီအာရေဗျ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်းကာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် Riyadh – Bangkok – Yangon ခရီးစဉ်ဖြင့် ရန်ကုန်သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။




