back

အမေရိကန်အကောက်ခွန်မူဝါဒပြောင်းလဲမှုကြောင့် BYD နှင့် Geely ၏ US ထုတ်လုပ်ရေးအစီအစဉ် နှောင့်နှေး

Apr 13 • 7:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်အကောက်ခွန်မူဝါဒပြောင်းလဲမှုကြောင့် BYD နှင့် Geely ၏ US ထုတ်လုပ်ရေးအစီအစဉ် နှောင့်နှေး

အမေရိကန်၏ အကောက်ခွန်နှုန်းထားပြောင်းလဲမှုများကြောင့် ကုန်သွယ်မှုနှင့် စီးပွားရေးမရေရာမှုများ ဖြစ်ပေါ်လာနေသည်။ ထိုအခြေအနေများကြောင့် တရုတ်အခြေစိုက် BYD နှင့် Gee...

အမေရိကန်၏ အကောက်ခွန်နှုန်းထားပြောင်းလဲမှုများကြောင့် ကုန်သွယ်မှုနှင့် စီးပွားရေးမရေရာမှုများ ဖြစ်ပေါ်လာနေသည်။ ထိုအခြေအနေများကြောင့် တရုတ်အခြေစိုက် BYD နှင့် Geely တို့၏ လက်တင်အမေရိကတွင် မော်တော်ကားထုတ်လုပ်ရေးအစီအစဉ်ကို တရုတ်အစိုးရက အတည်ပြုခွင့်ပြုရန် နှောင့်နှေးစေခဲ့ကြောင်း ရိုက်တာသတင်းမှဖော်ပြထားသည်။ တရုတ်အစိုးရသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် ပိုမိုတင်းကျပ်စိစစ်လာသည်။ BYD သည် မက္ကဆီကိုတွင် စက်ရုံတည်ဆောက်ရေး စဉ်းစားနေပြီး၊ Geely သည် ဘရာဇီးတွင် Renault နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။


news-view-count-icon

21