ယနေ့ဧပြီ ၁၃ရက်နေ့ မနက် မြန်မာစံတော်ချိန် ၁၀:၀၇ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အရှေ့မြောက်ဘက် ၁၅ မိုင်နှင့် စဉ့်ကိုင်အရှေ့တောင်ဘက် ၁၇ မိုင်ခန့်အကွာရှိ တောင်တန်းဒေသ၌ မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၀ အဆင့် မြေငလျင်ငယ် တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။



