အဆိုတော် မေမဒီက အင်းလေးဒေသသို့ အလှူခရီးစဉ်တွင် တွေ့ကြုံလာမှုအရ ငလျင်ဒဏ်ခံရသူအများစုမှာ နေအိမ်ပြန်ဆောက်ရန်အတွက် ငွေကြေးအလွန်လိုအပ်နေကြောင်း ပြောကြားသည်။ လှူဒါန်းမှုများသည် တကယ်အကူအညီလိုအပ်သူများထံမှန်ကန်စွာ ရောက်ရန်အတွက် ကွင်းဆင်းစစ်ဆေးပြီးမှ ဆောင်ရွက်ကြောင်း ပြောထားသည်။ ၎င်း၏ခရီးစဉ်အတွင်း ပစ္စည်းဖိုး ကျပ်သိန်း ၂၀၀ ကျော်နှင့် ငွေသား ကျပ်သိန်း ၇၀ ကျော်ကို အိမ်ထောင်စု ၂၆၀ ကျော်အတွက် လှူဒါန်းထားပြီး မန္တလေးဘက်သို့ ဆက်လက်သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။



