back

ဂျပန်အရှေ့မြောက်ပိုင်းမှာ ရေချိုခုံး ဆယ်ယူမှု စတင်

Apr 12 • 5:20 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်အရှေ့မြောက်ပိုင်းမှာ ရေချိုခုံး ဆယ်ယူမှု စတင်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း Aomori ခရိုင်မှာရှိတဲ့ ရေကန်တစ်ခုမှာ အခုနှစ် ရေချိုခုံးဆယ်ယူတဲ့ရာသီ စတင်နေပြီ ဖြစ်ပါတယ်။ လှေအစီး ၁၅၀ လောက်ဟာ shijimi လိုခေါ်တဲ့ ခု...

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း Aomori ခရိုင်မှာရှိတဲ့ ရေကန်တစ်ခုမှာ အခုနှစ် ရေချိုခုံးဆယ်ယူတဲ့ရာသီ စတင်နေပြီ ဖြစ်ပါတယ်။ လှေအစီး ၁၅၀ လောက်ဟာ shijimi လိုခေါ်တဲ့ ခုံး တွေကို ဆယ်ယူဖို့ ဧပြီလ ၁၀ ရက် ကြာသပတေးနေ့ မနက်အစောပိုင်းမှာ Jusanko ရေကန်ဆိပ်ကမ်းကနေ ထွက်ခွာခဲ့ကြပါတယ်။ သယံဇာတတွေကို ထိန်းသိမ်းဖို့အတွက် ဒေသတွင်း ငါးလုပ်ငန်းသမဝါယမအဖွဲ့က လှေတစ်စင်းကို တစ်ရက် shijimi အများတုံး ၁၄၀ ကီလို ဖမ်းဖို့ ကန့်သတ်ထားပါတယ်။ Jusanko ရေကန်မှာ shijimi ခုံး ဆယ်ယူတာကို နွေရာသီ ဥပေါက်တဲ့ကာလကလွဲပြီး အောက်တိုဘာလအထိ ပြုလုပ်ကြကြောင်း ဒေသခံများထံမှ သိရသည်။





news-view-count-icon

31