အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ခံစားရသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘေးသင့်ပြည်သူများအတွက် Bangladesh Red Crescent မှလှူဒါန်းသော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲကို
ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် ကျင်းပခဲ့ပါသည်။သီလဝါဆိပ်ကမ်းသို့ ရေယာဥ်ဖြင့် ရောက်ရှိလာသော ပစ္စည်းများ မော်တော်ယာဥ်ပေါ်သို့တင်ဆောင်ရာတွင် ကူညီဆောင်ရွက်နေသော ကျောက်တန်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းနှီးစွာ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါသည်။



