ချုံချင့်မြူနီစီပယ်အစိုးရနှင့်အလှူရှင်များက မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အလှူငွေယွမ်(၁)သန်းကျော်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ဧပြီ ၁၁ ရက်ကလှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ အလှူငွေများအား မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့လွဲ ပြောင်းပေးအပ်သွားမည်ဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုအကူအညီအလှူပစ္စည်းများကိုလည်း ချုံချင့်မြူနီစီပယ်အစိုးရအစီအစဉ်ဖြင့် ကုန်းလမ်း− ပင်လယ်ရေကြောင်းပေါင်းစပ်ကုန်သွယ်မှုစင်္ကြံ လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံသိုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။



