ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီးက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဒေါ့မွန်အသင်းကို (၄-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပွဲမပြီးသေးဟု အသင်းဖော်များကို သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ဧပြီလ (၉) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဒေါ့မွန်အသင်းကို (၄-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာသွားပြီဟု သုံးသပ်မှုများ ရှိနေသည်။ သို့သော် ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ပွဲမပြီးသေးကြောင်းနှင့် ဒုတိယအကျော့တွင် ကြိုးစားရန် လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



