ထိုင်းနိုင်ငံတွင် စတင်ကျင်းပနေသော ဆုန်ခရန်ပွဲတော် အားလပ်ရက် ခရီးသွားကာလ ပထမနေ့ဖြစ်သည့် ဧပြီလ ၁၁ ရက် သောကြာနေ့တွင် ယာဉ်မတော်တဆမှု ၂၁၁ မှုဖြစ်ပွားကာ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၁၂ ရက် ယနေ့တွင် ပြောကြားခဲ့သည်။ ယာဉ်မတော်တဆမှု စုစုပေါင်း ၂၁၁ မှု ဖြစ်ပွားခဲ့သည်ဟု Road Safety Operation Center ၏ မှတ်တမ်းများက ဖော်ပြခဲ့ကာ ခုနစ်ရက်ကြာ နှစ်သစ်ကူးအားလပ်ရက်၏ ပထမနေ့တွင် ဖြစ်ပွားသော ယာဥ်တိုက်မှုသည် ယမန်နှစ်ကထက် လျော့နည်းခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ပြောကြားခဲ့သည်။



