back

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား

Apr 12 • 1:30 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နယ်၊ စီကိုဝပ် (38)မှာရှိတဲ့ ဆောက်လုပ်ရေးတိုက်တစ်ခုမှာ ဆေးသုတ်နေကြတဲ့ မြန်မာလုပ်သား ၃၀ ကျော်မှာ မိမိတို့ရရှိရမယ့် လုပ်အားခ ကို လုပ်ငန...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နယ်၊ စီကိုဝပ် (38)မှာရှိတဲ့ ဆောက်လုပ်ရေးတိုက်တစ်ခုမှာ ဆေးသုတ်နေကြတဲ့ မြန်မာလုပ်သား ၃၀ ကျော်မှာ မိမိတို့ရရှိရမယ့် လုပ်အားခ ကို လုပ်ငန်းရှင်သူဌေး မှ မပေးတဲ့အတွက် မြို့နယ်ရှိ ဆဝါဒိကန်ရုံးနှင့် ကျဟာငန် ရုံးသို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်က စပြီး လုပ်အားခ မပေးတော့တဲ့ အပြင် အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတန်းတွေကိုလည်း သိမ်းထားကာ တောင်းယူသော်လည်း ထုတ်မပေးဘူးလို့ သိရပါတယ်။ မြန်မာရွှေ့ပြောင်း လုပ်သား ၃၂ဦးရဲ့ (၃လခန့်) လစာ စုစုပေါင်း ဘတ်ငွေ ၉၆၀၀၀၀ မပေးတဲ့ အပြင် စာရွက်စာတန်းတွေပါ သိမ်းထားတဲ့ အတွက် ၎င်း သူဌေး ဆိုသူ ကို နယ်မြေခံ မြို့နယ်ရှိ ဆဝါဒိကန်ရုံးနှင့် ကျဟာငန်းရုံးသို့ သွားရောက်တိုင်ကြားခဲ့တာ မှာ ဧပြီ ၁၁ ရက် မှာတော့ အလုပ်သမားတွေရဲ့ အထောက်အထားစာရွက်စာတန်းတွေကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခတွေကိုတော့ ထုတ်မပေးသေးတဲ့ အတွက် မြို့နယ် ရုံးမှ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 




news-view-count-icon

25