back

ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး

Apr 12 • 1:24 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းရောက် မြန်မာအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန်သူ အလွန်နည်းပါး

ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ နှစ်စဥ်သင်္ကြန်ကာလ မှာ မြန်မာနိုင်ငံကို အလည်ပြန်သူ များပြားပေမယ့် ယခုနှစ်သင်္ကြန်ကာလ မှာတော့ နေရပ်ကို ပြန်သ...

ထိုင်းနိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ နှစ်စဥ်သင်္ကြန်ကာလ မှာ မြန်မာနိုင်ငံကို အလည်ပြန်သူ များပြားပေမယ့် ယခုနှစ်သင်္ကြန်ကာလ မှာတော့ နေရပ်ကို ပြန်သူ အလွန်နည်းတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအရေးကူညီနေသူတွေထံက သိရပါတယ်။ ထိုင်းအစိုးရမှ သင်္ကြန်ကာ လ အလုပ်ပိတ်ရက်မှာ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ကို အလည်ပြန်နိုင်ဖို့ အတွက် ပြန်လည်ဝင်ရောက်ခွင့်ဗီဇာ (RE ENTRY) ကို ဧပြီလ ၁ရက်မှ မေလ ၁၅ ရက်အထိ အခမဲ့ ခွင့်ပြု ထားပေးပါတယ်။ ထိုင်းရှိ စက်ရုံ အလုပ်ရုံ တွေ ကလည်း သင်္ကြန်ပိတ်ရက် ကို အနည်းဆုံး ၅ ရက်မှ ၁၅ ရက်အထိ အားလပ်ရက် ပေးထားတယ်လို့ အလုပ်သမားတွေထံ မှ သိရပါသည်။



news-view-count-icon

15