မန်ယူနိုက်တက်အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ပြင်သစ်တိုက်စစ်ကစားသမား ကန်တိုနာက မန်ယူနိုက်တက်အသင်းသည် ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်၏ လက်အောက်တွင် ပျက်စီးနေပြီဟု ဝေဖန်ပြောကြားခဲ့သည်။ ၎င်းလက်ထက်တွင် အသင်း၏အသုံးစရိတ်ကို မြင့်မားခြင်းကို အကြောင်းပြကာ အသင်းဂန္ထဝင်နည်းပြ ဖာဂူဆန်အား ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်မှ ဖယ်ရှားခဲ့သလို အသင်းဝန်ထမ်းများကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုအခါ အသင်းဂန္ထဝင်ကစားသမား ကန်တိုနာကပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။



