back

အင်္ဂါဂြိုဟ်ရှိ ရှေးဟောင်းသက်ရှိများ နျူကလီးယားတိုက်ခိုက်မှုကြောင့် ပျက်သုဉ်းခဲ့ဟု ဟားဗတ်သိပ္ပံပညာရှင် ပြော

Apr 12 • 6:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂါဂြိုဟ်ရှိ ရှေးဟောင်းသက်ရှိများ နျူကလီးယားတိုက်ခိုက်မှုကြောင့် ပျက်သုဉ်းခဲ့ဟု ဟားဗတ်သိပ္ပံပညာရှင် ပြော

အင်္ဂါဂြိုဟ်ရှိ ရှေးဟောင်း သက်ရှိအဖွဲ့အစည်းတရပ်သည်နျူကလီးယားတိုက်ခိုက်မှုကြောင့် ပျက်သုဉ်းသွားခဲ့သည်ဟု ဟားဗတ်သိပ္ပံပညာရှင်တဦးက ပြောသည်။ဒေါက်တာ ဂျွန် ဘရန်ဒင်ဘာ့ဂ...

အင်္ဂါဂြိုဟ်ရှိ ရှေးဟောင်း သက်ရှိအဖွဲ့အစည်းတရပ်သည်နျူကလီးယားတိုက်ခိုက်မှုကြောင့် ပျက်သုဉ်းသွားခဲ့သည်ဟု ဟားဗတ်သိပ္ပံပညာရှင်တဦးက ပြောသည်။ဒေါက်တာ ဂျွန် ဘရန်ဒင်ဘာ့ဂ်သည် ဤထူးခြားသောသီအိုရီကို ၂၀၁၁ ခုနှစ်တွင် စတင် တင်ပြခဲ့သည်။ သူ၏ သုတေသနအရ ဆိုက်ဒိုးနီယံနှင့် ယူတိုးပီယံဟု သိကြသည့် ရှေး အင်္ဂါဂြိုဟ်သားများသည် ဂြိုဟ်တခုလုံးအား မျိုးဖြုတ်သုတ်သင်မှု၌ သားကောင်များ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ယနေ့ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် ထို ကပ်ဘေး၏ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိနိုင်သည်ဟု ဒေါက်တာ ဘရန်ဒင်ဘာ့ဂ်က ယုံကြည်ထားသည်။

news-view-count-icon

16