back

ရုပ်ရှင်လောကရဲ့ မှတ်တိုင်သစ်တစ်ခုအဖြစ် အော်စကာဆုပေးပွဲမှာ စတန့်ဒီဇိုင်းဆုကို စတင်ချီးမြှင့်မည်

Apr 12 • 6:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုပ်ရှင်လောကရဲ့ မှတ်တိုင်သစ်တစ်ခုအဖြစ် အော်စကာဆုပေးပွဲမှာ စတန့်ဒီဇိုင်းဆုကို စတင်ချီးမြှင့်မည်

ရုပ်ရှင်လောကရဲ့ မှတ်တိုင်သစ်တစ်ခုအဖြစ် အော်စကာဆုပေးပွဲမှာ စတန့်ပြကွက်ပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စတန့်ဒီဇိုင်းဆုကို စတင်ချီးမြှင့်သွားတော့မှာဖြစ်ကြောင်း အကယ်...

ရုပ်ရှင်လောကရဲ့ မှတ်တိုင်သစ်တစ်ခုအဖြစ် အော်စကာဆုပေးပွဲမှာ စတန့်ပြကွက်ပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ စတန့်ဒီဇိုင်းဆုကို စတင်ချီးမြှင့်သွားတော့မှာဖြစ်ကြောင်း အကယ်ဒမီအဖွဲ့အစည်းက အတည်ပြုသွားခဲ့ပါပြီ။ ဒါဟာ အော်စကာအတွက် အခုနောက်ပိုင်းနှစ်တွေမှာ ဒုတိယမြောက်ထပ်မံထည့်သွင်းတဲ့ ဆုအသစ်ဖြစ်လာခဲ့ပြီး စတန့်ဒီဇိုင်းဆုမတိုင်ခင်က အတည်ပြုထားခဲ့တဲ့ အော်စကာ အကောင်းဆုံးသရုပ်ဆောင်ရွေးချယ်မှုဆုကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ မြင်တွေ့ရတော့မှာပါ။ စတန့်ဒီဇိုင်းဆုကိုတော့ လာမယ့် ၂၀၂၈ ခုနှစ်မှာကျင်းပမယ့် အကြိမ် ၁၀၀ မြောက် အော်စကာဆုပေးပွဲမှာ စတင်ချီးမြှင့်သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ရုံတင်ပြသတဲ့ရုပ်ရှင်တွေဟာ ဒီဆုအတွက်ပါ ပါဝင်ယှဥ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။

news-view-count-icon

12