back

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး

Apr 12 • 5:28 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး

ဧပြီ ၁၁ ရက်သတင်းအရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ...

ဧပြီ ၁၁ ရက်သတင်းအရ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားပြိုင်ကွင်းအတွင်းရှိ ပရိသတ် ၂၀၀၀ ဆံ့ ဘက်စုံသုံး အားကစားရုံသို့ရောက်ရှိပြီး မန္တလာသီရိ ပင်မအားကစားကွင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို အားပေးစကား ပြောကြားကာ တစ်ဦးချင်း ထောက်ပံ့ငွေများပေးအပ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် ဘက်စုံသုံး အားကစားရုံမှန်များနှင့် နံရံကွဲအက်မှုများ၊ လက်ဝှေ့အားကစားရုံ နံရံကွဲအက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မှာကြားသည်။

news-view-count-icon

21