ဧပြီ ၁၂ ရက် သတင်းအရ စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်သွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ဖြေခိုင်းမည်
Apr 12 • 5:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |

ပြည်ထောင်စုဝန်ကြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှု၊ လယ်ဝေးပြန်/ဆက်ရုံးနှင့် ဒက္ခိဏခရိုင် သင်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေး

