အီတလီမှ ထိပ်တန်း ဖက်ရှင်တိုက် Prada Group က အီတလီမှ ထိပ်တန်းဖက်ရှင်တိုက် Versace ကို ကန်ဒေါ်လာ ၁.၃၆ ဘီလီယံဖြင့် ပိုင်ရှင် Capri ထံမှ ဝယ်ယူရန် သဘောတူညီခဲ့သည်။ Prada Group သည် ဖက်ရှင် ဒီဇိုင်းနာ အမှတ်တံဆိပ်များဖြစ်သော Miu Miu နှင့် ဖိနပ်အမှတ်တံဆိပ် Church's တို့ကိုလည်း ပိုင်ဆိုင်ထားသည်။ Versace ကို ဝယ်ယူရန် Prada သည် အမေရိကန်အခြေစိုက် Capri Holdings နှင့်ဆွေးနွေးညှိနှိင်းမှုကို ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။ Capri သည် Versace ကို တည်ထောင်သူမိသားစုထံမှ ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၁၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ Versace ရောင်းအား မကောင်းသည်ကို ပြန်ကောင်းလာအောင် မလုပ်နိုင်ဘဲ ကြွေးတင်နေသဖြင့် အရှုံးခံပြီး ရောင်းထုတ်လိုက်ခြင်း ဖြစ်သည်။ Prada သည် Versace တင်ရှိနေသည့် ကြွေးမြီကို တာဝန်ယူမည် ဖြစ်သည်။



