MFDMC မှ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အခြေအနေထောက်ပံ့ရန် ရန်ပုံငွေစုဆောင်းလျှက်ရှိပြီး MFDMC တရား၀င် ဘဏ်အကောင့်ထံသို့ ၄လ ၉ရက်နေ့ ၁၀:၃၂အထိ 1,637,150ဝမ်ရရှိထားပါတယ်။ စစ်ကိုင်းဒေသအတွက် သိန်း(၈၀၀)ကျပ် ၊မန္တလေးဒေသအတွက်သိန်း(၅၀၀)ကျပ်၊အင်းလေးသိန်း(၂၀၀)ကျပ်တို့ ထောက်ပံ့ထားလျက်ရှိပြီး မှတ်တမ်းများကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ကျန်ရှိသည့်အလှူငွေများကို မြေပြင်နှင့်ချိတ်ဆက်၍ လိုအပ်ချက်အလိုက် ထောက်ပံ့သွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။



