back

ဂွန်ဒိုဂန်ကို ခေါ်ယူရန် ဂါလာတာစာရေး စီစဉ်

Apr 11 • 9:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂွန်ဒိုဂန်ကို ခေါ်ယူရန် ဂါလာတာစာရေး စီစဉ်

တူရကီကလပ် ဂါလာတာစာရေးအသင်းသည် မန်စီးတီးဝါရင့်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။မန်စီးတီးကစားသမား ဂွန်ဒိုဂန် (၃၄ နှစ်)သည် ယခုရာသီကုန...

တူရကီကလပ် ဂါလာတာစာရေးအသင်းသည် မန်စီးတီးဝါရင့်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။မန်စီးတီးကစားသမား ဂွန်ဒိုဂန် (၃၄ နှစ်)သည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ၎င်းသည် မန်စီးတီးအသင်းနှင့် တစ်နှစ်သက်တမ်းတိုးရန် အလိုရှိနေသော်လည်း အသင်းဘက်က လက်ရှိအချိန်ထိ ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။ ဂါလာတာစာရေးအသင်းသည် လက်ရှိတွင် ဂွန်ဒိုဂန်၏အခြေအနေကိုစောင့်ကြည့်နေပြီး အကြိုသဘောတူစာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ ဂွါဒီယိုလာကမူ ဂွန်ဒိုဂန်ကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားထားသည်။

news-view-count-icon

17