ရုရှားနှင့် ယူကရိန်းအကြား ဖြစ်နိုင်ခြေရှိသည့် အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိန်းသိမ်းကြပ်မတ် ရန် ယူကရိန်းတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေး အစီအစဉ်များနှင့်အတူ ဥရောပခေါင်းဆောင်များ ဆွေးနွေး ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံအတွင်း တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးနှင့် ပတ်သပ်ပြီး ဗြိတိန်နှင့်ပြင်သစ်တို့သည် နိုင်ငံပေါင်း ၃၀ ခန့်မှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေးကို ဧပြီ ၁၀ ရက်က ခေါ်ယူကျင်းပခဲ့သည်။ 
| 22 | 0 | 0 | 0 |


