back

အမှားတွေလုပ်ခဲ့တဲ့ အိုနာနာကို ယုံကြည်မှုရှိတယ်လို့ အာမိုရင် ပြော

Apr 11 • 7:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမှားတွေလုပ်ခဲ့တဲ့ အိုနာနာကို ယုံကြည်မှုရှိတယ်လို့ အာမိုရင် ပြော

လိုင်ယွန်နဲ့ ယူနိုက်တက်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးသမား အိုနာနာဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြအာမ...

လိုင်ယွန်နဲ့ ယူနိုက်တက်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးသမား အိုနာနာဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြအာမိုရင်က သူ့ကို အလွန်ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ အာမိုရင်က “ဒီလိုအရာတွေက ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ ဘောလုံးကစားပြီး ပွဲတွေ အများကြီး ကစားရရင် အမှားတွေ လုပ်မိနိုင်ပါတယ်။ ဒီရာသီကို ကြည့်မယ်ဆိုရင် ဒီနောက်ဆုံးပွဲတွေနဲ့ ပြီးခဲ့တဲ့လက ပွဲတွေမှာ သူတို့ထက် ကျနော် အမှားတွေ ပိုလုပ်ခဲ့ပါတယ်။ အရာအားလုံးကို ပြောင်းလဲဖို့ နောက်ထပ် ပွဲတစ်ပွဲရှိသေးပြီး ဒါက ကျနော်တို့ ရဲ့ အာရုံစိုက်မှု ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကျနော် အိုနာနာကို အလွန်ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။

news-view-count-icon

21