back

ဟန်ဆီဖလစ်ခ်ကို သက်တမ်းတိုးရန် ဘာစီလိုနာအသင်း စတင်ဆွေးနွေးနေ

Apr 11 • 5:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟန်ဆီဖလစ်ခ်ကို သက်တမ်းတိုးရန် ဘာစီလိုနာအသင်း စတင်ဆွေးနွေးနေ

ဘာစီလိုနာအသင်းသည် ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ဟန်ဆီဖလစ်ခ်(၆၀ နှစ်)ကို ပြီးခ...

ဘာစီလိုနာအသင်းသည် ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ဟန်ဆီဖလစ်ခ်(၆၀ နှစ်)ကို ပြီးခဲ့သည့်နွေရာသီတွင် ခေါ်ယူပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဟန်ဆီဖလစ်ခ်သည် လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းကို ဖလားသုံးလုံးလမ်းကြောင်းပေါ် ပို့ဆောင်ပေးထားသည့်အတွက် အသင်းတာဝန်ရှိသူများက ၎င်းအား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဟန်ဆီဖလစ်ခ်၏ အေးဂျင့်ဖြစ်သူ ဇဟာဗီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စပိန်မီဒီယာ SPORT က ဖော်ပြခဲ့သည်။ 

news-view-count-icon

15