back

ငလျင်ကြောင့် ဘန်ကောက် တိုက်ပြိုကျမှုအတွင်း သေဆုံးသူ (၂၅) ဦးရှိလာ

Apr 11 • 5:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ကြောင့် ဘန်ကောက် တိုက်ပြိုကျမှုအတွင်း သေဆုံးသူ (၂၅) ဦးရှိလာ

ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှုအတွင်း သေဆုံးသူ အလုပ်သမား (၂၅) ဦးရှိပြီဖြစ်ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၁ ...

ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှုအတွင်း သေဆုံးသူ အလုပ်သမား (၂၅) ဦးရှိပြီဖြစ်ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းအချိန်က ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့၊ ကျတုကျတ်နယ်မြေရှိ ဆောက်လုပ်ဆဲ တိုက်ပြိုကျမှုအတွင်း မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား (၂၅) သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၉) ဦးရှိကာ ပျောက်ဆုံးနေသူ (၆၉) ဦးရှိကြောင်း သိရသည်။

news-view-count-icon

13