အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ဟာ ထဲထဲဝင်ဝင် ချိတ်ဆက်နေကြပြီး အူလမ်းကြောင်းကျန်းမာရေး မကောင်းရင် အိပ်စက်မှုအနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ How to Win in Modern Wellnessစာအုပ်ရေးသားသူ ဆမ်တယ်ဂျာဒါက ပြောပါတယ်။ အက်ဆစ်လျှံတက်ခြင်း၊ လေပွခြင်းတို့လို အစာချေပြဿနာတွေအပြင် မူးဝေအော့အန်ခြင်းတို့လို လက္ခဏာတွေထက် ပိုပြီးဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။ မယ်လတိုနင်သို့ ပြောင်းလဲပေးတဲ့ ဆယ်ရိုတိုနင် ၉၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်းထဲမှာ ထုတ်လုပ်ပြီး ထိုထဲမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ရင် အစားအစာတွေကရတဲ့ အာဟာရဓာတ်တွေကို စုပ်ယူဖို့ ခက်ခဲစေပါတယ်။ အူလမ်းကြောင်းထဲက ပိုးမွှားသက်ရှိတွေက ကိုယ်တွင်းနေ့ညစက်ဝန်း ထိန်းညှိရာမှာ ပါဝင်ပြီး နှစ်ခြိုက်စွာ အိပ်စက်မှုကို ထောက်ကူပေးပါတယ်။ 
Apr 11 • 3:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


